ကျွန်းလှမြို့၌ ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး

ကျွန်းလှ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဈေးသူ၊ ဈေးသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက သစ်ရာမြိုင်ဈေး၌ ကွင်းဆင်းထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယနေ့ ပထမအကြိမ်အဖြစ် ဈေးသူ/ဈေးသား  ၁၄၀ ဦးနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ရပ်ကွက်၊ ကျေးရွာ အတွင်းရှိ ပြည်သူများ ၆၂ ဦးကိုလည်းကောင်း စတုတ္ထအသုတ်(ဒုတိယအကြိမ်)အဖြစ် ၁၀၀ ဦးကိုလည်းကောင်း ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ