Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တိုင်းဒေသကြီးအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆ…
Jan 01,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးဌာနက ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီ ခွဲတွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအလုံ၊ သီရိရတနာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆိုင်ရာ စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 01,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံ၌ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စွမ်းစွမ်းတမံ တက်ကြွစွာပါဝင် ဆောင်ရွက်ပေးသူများအား ဂုဏ်ပြု ချီးမြှင့်ပွဲကျင်းပ
Jan 01,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကာကွယ်ရေး ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ Volunteer များနှင့် လူမှုရေးသင်းအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ချောင်းဆုံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရခရိုင်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 01,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ရာအချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယမန်နေ့ နံနက်ပိုင်းက ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ် တုံးကြိတ်ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ
Jan 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု (၆)လဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် တုံးကြိတ်ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ နောင် ခွီးကျေးရွာအုပ်စု နောင်ဒိုင်း-သောင့်တော် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်
Jan 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း-သောင့်တော် ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၁၄ ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယမန်နေ့တွင် (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးမည့် နေ့များနှင့် စုရပ်များအား ပြည်သူများသိရှိစေရေး ဆောင်ရွက် ပေးလျက်ရှိ
Jan 01,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်နှင့် စတုတ္ထအသုတ် ဒုတိယကြိမ်အဖြစ် ထပ်မံထိုးနှံပေးမည့် ရက်စွဲနှင့် စုရပ်များအား လည်းကောင်း၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား တတိယအသုတ် ဒုတိယအကြိမ် ထိုးနှံရန်ရှိသူများအား လည်းကောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ ဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ
Jan 01,2022
၂၀၂၁ ခုနှစ်၊ မော်လမြိုင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား (၆)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19601
Page
19602
Page
19603
Page
19604
Current page
19605
Page
19606
Page
19607
Page
19608
Page
19609
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department