ဝန်းသိုမြို့နယ် တုံးကြိတ်ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

ဝန်းသို ဇန်နဝါရီ   ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂)ခု ()လဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် တုံးကြိတ်ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံကိန်းရန်ပုံ ငွေကျပ် သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေကျပ် သိန်း သောင်း၊ စုစုပေါင်းငွေကျပ် ၁၀၆ သိန်း သောင်းဖြင့်  လမ်းအရှည်ပေ ၅၀၀၊ အကျယ် ၁၂ ပေ၊ ထု လက်မထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

"ကျနော်တို့ကျေးရွာက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်လောက်က လျှပ်စစ်မီးရတယ်၊ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာက ကျေးလက်ဦးစီးဌာနဘတ်ဂျက်နဲ့ စိမ့်စမ်းရေဆောင်ရွက်ခဲ့တယ်၊ အခု ၂၀၂၀-၂၀၂၁ ခု ()လဘတ်ဂျက် (VDP) စီမံကိန်းရန်ပုံငွေနဲ့ ရွာတွင်းလမ်းတွေကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ကျေးရွာအတွက် ဝမ်းသာပျော်ရွှင်ရပါတယ်၊ ရွာတွင်းလမ်းအားလုံပေါင်း အရှည်ပေ ၁၂၀၀ ကျော်လောက်ရှိတယ်၊  ကျနော်တို့ရွာသားတွေရဲ့ လုပ်အားတွေရယ်၊ ပြည်သူထည့် ဝင်ငွေတွေရယ် အားလုံးပြီးအောင် ခင်းနိုင်ဖို့ ဆောင်ရွက်သွားမှာပါ"ဟု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်တစ်ဦးက ပြောသည်။

တုံးကြိတ်ကျေးရွာ၌ အခြေခံပညာမူလတန်းလွန်ကျောင်း တစ်ကျောင်းရှိပြီး ယင်းကျောင်းတွင် တုံးကြိတ်ကျေးရွာအပြင် အနီးနားမှ ညောင်အင်းကျေးရွာ၊ အင်းမကျေးရွာ၊ ထုံးဘိုကျေးရွာ၊ အလယ်ကျွန်းကျေးရွာတို့မှ ကျောင်းသား၊ ကျောင်းသူများ မှီခိုတက်ရောက်ရပြီး ယင်းကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးပါက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကဏ္ဍ၊   ကျေးရွာပြည်သူများ၏ ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများအတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

မြို့နယ်( ပြန် /ဆက်)