ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးမည့် နေ့များနှင့် စုရပ်များအား ပြည်သူများသိရှိစေရေး ဆောင်ရွက် ပေးလျက်ရှိ

ဂွ  ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်နှင့် စတုတ္ထအသုတ် ဒုတိယကြိမ်အဖြစ် ထပ်မံထိုးနှံပေးမည့် ရက်စွဲနှင့် စုရပ်များအား လည်းကောင်း၊    အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား တတိယအသုတ် ဒုတိယအကြိမ် ထိုးနှံရန်ရှိသူများအား လည်းကောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ်နှင့် စတုတ္ထ အသုတ်အား ဒီဇင်ဘာလ ()ရက်နေ့နှင့် ()ရက်နေ့များတွင် ပထမအကြိမ် ထိုးနှံပြီးသူများကို ဇန်နဝါရီလ ()ရက်နေ့တွင် ဒုတိယကြိမ်အဖြစ် ထပ်မံထိုးနှံပေးမှုများ ဆောင်ရွက်ပေးရာ၌ စုရပ်()ခုဖြစ်သည့် ဂွမြို့သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းဘုန်းတော်ကြီးကျောင်းနှင့်  ကျိန္တလီထွေ/ အုပ်ခန်းမများတွင် လည်းကောင်း၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ဒီဇင်ဘာလ()ရက်နေ့တွင် ပထမအကြိမ်ထိုးနှံပြီးသူများကို တတိယအသုတ် ဒုတိယအကြိမ် အဖြစ် ထိုးနှံရန်ရှိသူများအား ဇန်နဝါရီလ ()ရက်နေ့တွင် သာသနာ့ဗိမ္မာန်၊ ဆပ်သွား ..ကနှင့် ကျိန္တလီထွေ/အုပ်ခန်းမတွင် လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသူများ မရှိစေရေးအတွက် သတ်မှတ်ဦးတည်အုပ်စုများတွင်   ပါဝင်သူများအား ထိုးနှံပေးမည့်  သတ်မှတ်စုရပ်နေရာများနှင့်  ထိုးနှံရမည့်  နေ့ရက်များအား  မြို့နယ်ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး  ကော်မတီက သက်ဆိုင်ရာ  ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်  ကာကွယ်ဆေးထိုးမည့် ပြည်သူများ  သိရှိနိုင်စေရေး  ဆောင်ရွက်ပေးခြင်းနှင့်  ဆေးထိုးမည့် အစီအစဉ်များအား  လှည့်လည် ဆော်သြပေးခြင်း များကို  ဆောင်ရွက်ပေးလျက်  ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်