Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သံတောင်ကြီးမြို့နယ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့် ဦးတည်ချက်(၉)ရပ်အား မြေစိုက်နံရံကပ်ဘုတ်တွင်ပြသဆောင်ရွက်
Dec 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များနှင့်ကျောင်းနေအရွယ်ကလေးများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် မြေစိုက်နံရံကပ်ဘုတ်အား လစဉ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ် ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများပါဝင်သော အသိပညာပေး နံရံကပ် စာစောင်များပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့က တာပွန်မြို့သို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နေ့လည် ၁၂ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့၌ အိုမီခရွန်အကြောင်း Online မှ အသိပညာပေးဟောပြော
Dec 17,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထူအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် အိုမီခရွန်(Omicron)ရောဂါပိုးအကြောင်း Online မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အပိုဆောင်းထပ်မံထိုးနှံပေးလျက်ရှိ
Dec 17,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကိုပထမအကြိမ်ဦးစားပေးအစီအစဉ်ဖြင့် ရဟန်းသံဃာတော်များ အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့မှစေတနာ့ဝန်ထမ်းများအသက်(၁၈)နှစ်အထက် မိဘပြည်သူများနှင့် အသက် (၁၂)ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ရရှိ သည့်အပေါ်မူတည်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုကျေးရွာများရှိ ဒေသခံမိဘ ပြည်သူများအား သတ်မှတ်ထားသည့် ကာကွယ်ဆေးများထိုးနှံရန်ဖွင့်လှစ်ထားသည့် နေရာ ဌာနများ၌ စဉ်ဆင်မပြတ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ နံရံကပ်ပြဘုတ်တွင် ပြသထားရှ…
Dec 17,2021
ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် မှတ်တမ်းဓာတ်ပုံများအား ပြသထားရှိရာ ပြည်သူများ ကြည့်ရှုလေ့လာနေကြသည်ကို တွေ့မြင်ရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ်ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုး စေရေးပြိုင်ပွဲများ ကျင်းပပေး
Dec 17,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်လူမှု ဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19598
Page
19599
Page
19600
Page
19601
Current page
19602
Page
19603
Page
19604
Page
19605
Page
19606
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department