သံဖြူဇရပ်မြို့နယ်၌ ​ဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

သံဖြူဇရပ် ဇန်နဝါရီ     ၁

၂၀၂၁ ခုနှစ်၊ မော်လမြိုင်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ()မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အသက်(၂၅)အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမျိုးသမီးအသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အမျိုးသားအသင်းတို့မှ အောင်ပွဲရ အားကစားသမား တစ်ဦးချင်းစီအလိုက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းနှင့် ဗိုလ်မှူးသက်ထွန်းဦးတို့က ဂုဏ်ပြုချီးမြှင့်ပေးသည်။ ထို့နောက် မြို့နယ်ဘော်လီဘောနည်းပြဆရာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားအရာရှိနှင့် အားကစားသမားများ တက်ရောက်ကြောင်း သိရသည်။

အေးအေးမွန်