အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင် တန်း(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အခြေ ခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကား‌ပြော ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၃) ရက်နေ့ နံနက်(၁၀)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 03,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပသည်။
Jan 03,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်ကို သိရှိမှတ်သားနိုင်စေရန် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁ဝ နာရီက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
Jan 03,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် သတင် းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ဌာနဆိုင်ရာများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီက (၇၄)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကကြီးမှူးကျင်းပသော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကျင်းပပြုလုပ်သည်။အခမ်းအနားတွင်ရှေးဦးစွာခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲဥက္ကဌဒေါ်အေးအေးသန့်ကအဖွင့်အမှာစကားပြောကြားသည်။