ရွှေသောင်ယံ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးမှ ယခုလို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်ရခြင်းမှာ ပြည်သူများအတွက် မိမိတို့မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းဖြစ်စဉ်များကို အမှတ်ရစေရန်နှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမှတ်(၁၉၂) ကျောင်းအုပ်ဆရာမကြီးမှ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားရာ တွင်မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ အင်္ဂလိပ်မြန်စစ်ပွဲများအကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာတို့မှ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့ကြပုံများအကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သောအဖွဲ့မှ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြပုံများအကြောင်း စသည်ဖြင့် မြန်မာခေါင်းဆောင်များနှင့် ပြည်သူပြည်သားတို့၏ လွတ်လပ်ရေးကို ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြပုံများကို ပြောကြားရခြင်းမှာ ယနေ့ခေတ်လူငယ်များအား လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထား တတ်စေရန်ရည်ရွယ်ချက်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)