တမူးခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

တမူး  ဇန်နဝါရီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၃) ရက်နေ့ နံနက်(၁၀)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများတွင် အခြေခံပညာ မူလတန်း အဆင့် ပုံဆက်ကားချပ်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ ဖိနပ်ရွေးပြိုင်ပွဲများကို ပျော်ရွှင်စွာ ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူ များအား တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက  ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကျောင်းသား/ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးကို တန်ဖိုးထား တတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွတ်လိုစိတ်ရှိစေရန်၊ ဥာဏ်ရည် ဥာဏ်သွေးများ ထက်မြတ်စေရန်နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေရန်တို့ကိုရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကြီး