Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂွမြို့၊ မြို့မရပ်ကွက် အလယ်ရွာကမ်းခြေဦးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 25,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလဝကမှူးနှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ယမန်နေ့ နံနက်ပိုင်းက အလယ်ရွာ ကမ်းခြေဦးရှိ သာသနာ့သုခကာရီ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Dec 25,2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်၊ ရွေးကောက်ပွဲတွင် ပြောင်းလဲလာသော ခေတ်အခြေအနေအရ၊သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကိုကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက်၊ အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောင်ပွဲစနစ်များနှင့် စပ်လျဥ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မဂ်လာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Dec 25,2021
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ မတော်တဆမီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မဈေးတွင် ဒီဇင်ဘာ ၂၃ ရက် မွန်းလွှဲ ၁ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးခရိုင်(Community Centre)ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်
Dec 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတေင်းမြို့နယ် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပက လုပ်ငန်းတာဝန်စတင်၍ ဩဝါဒစရိယဆရာတော်ကြီးများထံမှ (ပထမအကြိမ်) ဩဝါဒခံယူခြင်းနှင့် နေ့ဆွမ်းဆက…
Dec 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ လုပ်ငန်း တာဝန်စတင်ခြင်းနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ (ပထမအကြိမ်) ဩဝါဒခံယူ၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို၊ ယမန့်နေ့နံနက်(၁၀)နာရီက တောင်ကလပ်ရှိ အောင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ရိုင်၊ ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကိုပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အနောက်ဖက် ငဝန်မြစ်ကမ်း ဘေးတွင် ယနေ့ နံနက်ပိုင်းတွင်ကျင်းပသည်။ အခမ်းအနားသို့ ပုသိမ်ခရိုင် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ပုသိမ်ခရိုင်၊ မြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယစ်မျိုးလိုင်စင်ကတ်ပြား ပေးအပ်ပွဲပြုလုပ်
Dec 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ(၆)လအတွက် ခွင့်ပြုချထားပေးသည့် လိုင်စင် ကတ်ပြားများ ပေးအပ်ပွဲကို ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 24,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စျေးတန်းရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19470
Page
19471
Page
19472
Page
19473
Current page
19474
Page
19475
Page
19476
Page
19477
Page
19478
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department