မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

မာန်အောင်  ဇန်နဝါရီ  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင် တန်း(၁/၂၀၂၂) သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်၉နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရွှေလှအောင် တက်ရောက်အဖွင့်အမှာ စကားပြောကြား ရာတွင်  သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန် ၊ မိမိ ရပ်ရွာ အတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်အောင် စနစ်တကျ သင်ယူကြရန် စသည့် တို့ကို မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထိန်လင်းမှ   အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို  ရပ်ကွက်/ကျေးရွာအသီးသီးမှ သင်တန်းသား ၅၀ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာရက်သတ္တလေးပတ်ကြာ  သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။

သိန်းဖေ