ကလေးဝမြို့အခြေခံပညာအထက်တန်းကျောင်း တွင်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

က‌လေးဝ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အခြေ ခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကား‌ပြော ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်း ပရာတွင် ပညာ ရေးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကျင်းပခဲ့ပြီး ဆုရရှိသူများအား (၇၄) နှစ် မြောက် လွတ်လပ် ရေးနေ့ အခမ်း အနားတွင် ဆုများကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)