ပြည် ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကကြီးမှူးကျင်းပသော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်း၌ ကျင်းပပြုလုပ်သည်။အခမ်းအနားတွင်ရှေးဦးစွာခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌဒေါ်အေးအေးသန့်ကအဖွင့်အမှာစကားပြောကြားသည်။
အဆိုပါကလေးပြိုင်တွင် မွေးကင်းစမှ(၆)လ၊ (၆)လမှ(၁)နှစ်၊ (၁)နှစ်မှ(၁)နှစ်ခွဲအထိ ကလေးငယ်(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ခန္ဓာကိုယ်အလေးချိန်၊ ရောဂါကင်းရှင်းမှု၊ ခန္ဓာကိုယ်ဖွံဖြိုးတိုးတက်မှု၊ အညဏ်ရည်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု့နှင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းတို့အပေါ် အခြေခံ၍ အမှတ်ပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌဒေါ်အေးအေးသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌနှင့် အဖွဲဝင်များ၊ ခေတ္တရာရပ်ကွက် မိခင်နှင်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များစုစုပေါင်း(၂၅)ဦး တက်ရောက်ကြပြီး၊ ပထမ၊ ဒုတိယ၊ တတိယရရှိသော ကလေးငယ်များအား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌဒေါ်အေးအေးသန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်ခရိုင်ပြန်/ဆက်