အမြို့မြို့အနယ်နယ်သတင်းများ

May 10,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါလျက် ပြည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
May 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ရာနှုန်းပြည့်ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမများကို သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီ အချိန်က အထက(သနပ်ပင်)ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် Grade -5  သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(သုံးဆယ်)၌  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးနှင့် ထိရောက်စွာ ကုသထိန်းချုပ်နိုင်‌စေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံတိုက်နယ်ဆေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 10,2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာများအတွက် အခြေခံဝန်ဆောင်မှုသင်တန်းကို ယနေ့ နံနက် (၉) နာရီက  တောင်ကြီးမြို့ Royal Taunggyi Hotel ၌ ကျင်းပသည်။
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ မှတ်ပုံတင်ရရှိပြီး ရှင်သန်လျက် ရှိသော စာကြည့်တိုက်များသို့ ပြန်လည် ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။