အင်္ဂပူ အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် အင်္ဂပူမြို့၊အင်္ဂပူမြို့မဈေး မီးဘေး ကြိုတင် ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီ၃၀မိနစ်ခန့်က အင်္ဂပူမြို့မဈေးရှေ့တွင် မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် ပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မီးငြိမ်းသတ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ကြပြီး မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း လက်တွေ့လေ့ကျင့် ခဲ့ကြသည်။
ထို့နောက်ဈေးတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်းရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးသတ်ရေကန်နှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်ခြင်း ရှိ/မရှိတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
အင်္ဂပူမြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ယာဉ်များဖြင့် စက်စွမ်းအားပြည့် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ ဈေးသားများ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)