အမြို့မြို့အနယ်နယ်သတင်းများ

May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့နယ် စျေးကြီးရပ်ကွက်တွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ Grade -5 သင်ရိုးသစ်သင်တန်းကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့အခြေခံပညာအတက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
May 10,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံး ကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
May 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍   ယနေ့နံနက် ၁၀နာရီက  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ပြည်သူလူထုအနေဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်များ    ကြိုတင်ကာကွယ်နိုင်ကြစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk  Show)ကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးသည်။
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပဉ္စမတန်းသင်ရိုးသစ်ကို သင်ကြားနိုင်ရန်နှင့် မူလတန်းကိုခြုံငုံ၍ အလယ်တန်းကို လေ့လာချိတ်ဆက်နိုင်စေရန် GRADE-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၄) အ​ခြေခံပညာအထက်တန်းကျောင်း မင်္ဂလာသိင်္ဂီဆောင်၌ ကျင်းပသည်။
May 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် Face To Face သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
May 10,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။