အမြို့မြို့အနယ်နယ်သတင်းများ

May 10,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စုပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော "ဘဝတက်လမ်း၏ ခြေလှမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
May 10,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 (သင်ရိုးသစ်) Face to Face (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်(၁၈)နှစ်အထက် ပြည်သူ(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Does) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 10,2022
ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့တွင်တိုင်းဒေသကြီးအစိုးရအဖွဲ့မှူးမှ ကြီးမှူးကျင်းပမည့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်း၌ ယနေ့နံနက်ပိုင်းက  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 10,2022
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုအဓိကသည် ပညာရေးဖြစ်ပြီးဘက်စုံလွမ်းခြုံနိုင်သော ပညာရေးဖြစ်မှာသာလျှင် ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါသည်။ ခေတ်နှင့်အညီ ကိုက်ညီသော ပညာရေးဖြစ်မှသာလျှင် ခေတ်မီနိုင်ငံတော်တည်ဆောက်နိုင်မည်ဖြစ်သည်။ ပညာရေးပြောင်းလဲမှုများ ပြုလုပ်တဲ့အထဲမှာ သင်ရိုးညွန်းတမ်းပြောင်းလဲမှုဟာလဲ အရေးကြီး ပါသည်။ အဆိုပါ သင်ရိုးသစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈း၃ဝ) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။