အမြို့မြို့အနယ်နယ်သတင်းများ

May 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၅၅) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
May 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် သင်ရိုးသစ် Grade-5  ဆင့်ပွားသင်တန်းကို  ယနေ့ နံနက် ၉ နာရီအချိန်က အ-ထ-က (လဲချား) ကျောင်းတွင် ဖွင့်လှစ်သင်ကြား ပို့ချ​ပေး​လျက်ရှိသည်။
May 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းဆင့် ပဉ္စမတန်း  (GRADE-5) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲက နမ့်စန်မြို့အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမတွင်ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
May 10,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ (မြိုပြင်)ကျောင်း၌ မေ ၁၀ ရက်နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။
May 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ် ဆေးခပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက်တွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
May 10,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဦးဆောင်ပြုလုပ်သည့် မြေလွှာခွဲကိရိယာ လက်တွေ့မောင်းနှင်သရုပ်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကြာကန်ကျေးရွာ ရေကြည်-ကျုံပျော်ကားလမ်းဘေး  တောင်သူ ဦးသောင်းညွှန့်၏လယ်မြေ၌ ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
May 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို မေလ ၉ ရက်နံနက် ၁၀ နာရီ က ကျင်းပခဲ့သည်။