Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံမြို့၊ မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Oct 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၂)ရပ်ကွက်ရှိ၊ မြို့မစျေးကြီးတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မြို့မစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ယာဉ်များ၊ စျေးအရန် မီးသတ်တပ်ဖွဲ့ပိုင် စက်များဖြင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းများကို ယမန်နေ့နေ့လယ်ပိုင်း အချိန်က အဆိုပါစျေးကြီးတွင် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ ကျောင်းသားလူငယ်များနှင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန် စာရေးဆရာ ဒေါက်တာမြင့်သန်း(ညောင်လေးပင်)၏ “မင်္ဂလာပါခင်ဗျာနှင့်အတွေးရသစာစုများ” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်၁၀နာရီက စာပေချစ်သူများ အသင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက်ပိတ်ခြင်းနှင့်အတူ ဘုရားဖူး လာရောက်သူများပြား တစ်ရက်လျှင် ဘုရားဖူးတစ်သောင်းခန့် ဝင်ရောက်
Oct 24,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရုံးသုံးရက်ဆက် ပိတ်ခြင်းနှင့်အတူ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်လျက်ရှိရာ ဘုရားလာရောက်သူ များပြားလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းနေအရွယ် အမျိုးသမီးငယ်များကို ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းအား အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေး ဆောင်ရွက်ပေး
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် နတလနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေရရှိရန်ခက်ခဲ့သည့် ဆောင်းသီးနှံ လယ်သီးထပ် နေကြာစိုက်ပျိုးမည့် တောင်သူများအတွက် ဆိုလာစနစ်ဖြင့် ရေရရှိရေးအတွက် အကောင်အထည် ဖော်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစီးမင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်တို့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက နောင်မို ကျေးရွာအုပ်စု၊ ဦးပိုင်အမှတ်(၇)၊ ကွင်းအမှတ်(၁၁)၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Oct 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် မုန့်မျိုးစုံလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေ
Oct 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18242
Page
18243
Page
18244
Page
18245
Current page
18246
Page
18247
Page
18248
Page
18249
Page
18250
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department