အမြို့မြို့အနယ်နယ်သတင်းများ

May 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂ဝ၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ ဓမ္မဗိမာန်တွင် ကျင်းပခဲ့သည်။
May 10,2022
​ရွှေဘိုခရိုင် က​လေးသူငယ် အခွင့်အ​ရေးဆိုင်ရာ​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း​အ​ဝေးကို ယ​နေ့နံနက် ၁၀ နာရီအချိန်တွင် အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်း​ဝေးခန်းမတွင် ကျင်းပရာ က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ​ ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးမှ အဖွင့်အမှာစကား​ ပြောကြားရာတွင် က​လေးသူငယ်များ၏ အခွင့်အ​ရေးများ အပြည့်အဝရရှိ​ရေးအတွက် ခရိုင်​ကော်မတီဝင်များ အ​နေဖြင့် မိမိတို့၏ ပင်မလုပ်ငန်းတာဝန်များကဲ့သို့ အ​လေးထား​ ဆောင်ရွက်ရန်​​ကြရန်နှင့် ရှေ့ဆက်​ဆောင်ရွက်ရမည့် လုပ်ငန်းများအား​ ဆွေး​နွေးပြောကြားခဲ့သည်၊။
May 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ စတင်တာဝန်ထမ်းဆောင်မည့် နည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမများအား ကြိုဆိုပွဲကို ယမန်နေ့နံနက်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
May 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁)တွင် စိုက်ပျိုးခဲ့ကြပါသည်။
May 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို မေ(၁၀)ရက်နံနက်(၁၀) နာရီတွင် အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 10,2022
ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်းမွန်ရန်၊ မွေးဖွားသည့်ကလေးငယ်များ ဖွံ့ဖြိုးကျန်းမာသန်စွမ်းစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 10,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 5(သင်ရိုးသစ်) ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီက ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်း သိရသည်။