အမြို့မြို့အနယ်နယ်သတင်းများ

May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)က အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ရာအိမ်စုအလိုက် ကွင်းဆင်း၍ လိုက်လံထိုးနှံပေးလျက်ရှိသည်။
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
May 18,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုး‌တိုးတက်ရေးဦးစီးဌာနနှင့် အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျေးလက်နေပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အသက်မွေး၀မ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းကို စံပါယ်ချောင်ကျေးရွာဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
May 18,2022
မကွေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(ပခုက္ကူခရိုင်)မှ တောင်သူဦးကြီးများအတွက် ၂၀၂၂ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀နာရီအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 18,2022
‌ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကျန်းမာရေးအတွက် အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်းများရှိစေရန်၊ ကျန်းမာကြံ့ခိုင်တဲ့ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်၍ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံ အေရိုးဗစ် (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ တာသိန်းဇော်နှင့် အတူအဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် တာဝန်ရှိဌာနဆိုင်ရာအကြီး အကဲတို့သည် နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာ ဘုန်းကြီးကျောင်းစေတီရင်ပြင် မြေထိန်းနံရံ ပြုလုပ်မည့်နေရာအား ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ (၂၀၂၂−၂၀၂၃) ဘဏ္ဍာနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ပြည်ထောင်စုအစိုးရ ၏ဘဏ္ဍာရန်ပုံငွေဖြင့်) ဆောင်ရွက်မည့်နေရာအား ယမန်နေ့ နံနက်ပိုင်း(၁၀)နာရီအချိန်ခန့်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက်စစ်
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ယမန်နေ့က အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။