Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာတံတားချဉ်းကပ်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်ထားသည့်တံတားအား မိုးရာသီတွင် ရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုတွင် ရာအိမ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှကာကွယ်နိုင်ရန်ကာကွယ် ဆေးမထိုးနှံရသေးသည့် အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း ပြည်သူများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပန်းကြယ်သီးထိုးနည်း လက်မှု့ပညာ သင်တန်းဖွင့်လှစ်သင်ကြား
May 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းလက်မှုပညာတစ်ရပ်ဖြစ်သည့် ပန်းကြယ်သီးထိုးနည်း သင်တန်းအား ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးပေးမည့် သင်တန်းဖွင်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုယနေ့နံနက် (၉)နာရီအချိန်က တောင်သာအ.ထ.ကကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်ဗဟိုလမ်း၊ ဘုရင့်နောင်လမ်း၊ လှိုင်မြင့်မိုလ်(၃)လမ်းနှင့် ပါရမီလမ်းတို့တွင် သန့်ရှင်းသပ်ရပ်ရေး မြက်ရိုင်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့်…
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ယနေ့နံနက် (၇:၀၀) အချိန်က လှိုင်မြို့နယ် (၁၀)ရပ်ကွက်၊ လှိုင်မြင့်မိုရ်(၃)လမ်းတွင် ရေတင်မှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ရေစီးရေလာဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာမှ ဝန်ထမ်းများက ရေမြောင်းများ ရှင်းလင်းခြင်း နှင့်လှိုင်မြို့နယ် ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းနှင့် ပါရမီလမ်းရှိ စင်္ကြံဘေး မြက်ရိုင်းပင်များ ရှင်းလင်းခြင်းအား သန့်ရှင်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၆၀၀၀ စိုက်ပျိုးမည်
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ၂၀၂၂ ခုနှစ်မိုးရာသီကာလ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပျိုးပင်မျိုးစုံ (၂၆၀၀၀)စိုက်ပျိုးသွားရန်မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလွင်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၈၆၃ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၆၃) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲ ခင်းကျင်းပြသ
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ စာပေဖတ်ရှု လေ့လာလိုစိတ်တိုးပွားစေရန်၊ စာအုပ်စာစောင်များအား ချစ်မြတ်နိုးတတ်စေရန်နှင့် စာကြည့် တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခင်းကျင်းပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18101
Page
18102
Page
18103
Page
18104
Current page
18105
Page
18106
Page
18107
Page
18108
Page
18109
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department