အမြို့မြို့အနယ်နယ်သတင်းများ

May 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Astra Zeneca) ထိုးနှံသူ (၁၁) ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူ (၁၁) ဦးနှင့် တတိယအကြိမ် Astra Zeneca ထိုးနှံသူ (၁၈၂)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၂၀၄) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
May 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက သာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ လှည်းကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
May 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီးလ်/သံဂဟေဆက် သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
May 18,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါး ဆည်ရေသောက်နှင့် နတ်မောက်ဆည်ရေသောက်တွင် ၂၀၂၁-၂၀၂၂ နွေနှမ်းရာသီ၌ စိုက်ပျိုးထားရှိသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 18,2022
၂၀၂၂ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ကျောင်းသား အားကစားပွဲတော်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
May 18,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာများသို့ ယမန်နေ့နံနက် (၈) နာရီအချိန်ခန့်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 18,2022
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းထိန်းသိမ်းရေးနေ့အထိမ်းအမှတ်တက္ကသိုလ်အဆင့် စာစီစာကုံးပြိုင်ပွဲကို “Only One Earth” “တစ်ခုတည်းသောကမ္ဘာမြေ” ခေါင်းစဉ်ဖြင့် ဘားအံတက္ကသိုလ် ပင်မဆောင်ခန်းမတွင် ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။