အမြို့မြို့အနယ်နယ်သတင်းများ

May 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် တပ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးခြံမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ဒေသပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇီဖြူကုန်းရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် ရောင်းချပေးခဲ့သည်။
May 18,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို အပတ်စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံပြီးသော်လည်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်ရှိ/မရှိ ကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၆နာရီခွဲအချိန်ကစတင်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 18,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ထုံးဘိုပိုင်း၌ ဒေသတစ်ခု၊ ထွက်ကုန်တစ်ခုဆိုသည့်အတိုင်း မိရိုးဖလာ အိမ်တွင်းမှု လုပ်ငန်းတစ်ခုဖြစ်သည့် ဝက်လာဖျာ ရက်လုပ်ခြင်းမှ မိသားစုနေ့စဉ် ဝင်ငွေရရှိနေကြောင်း သိရသည်။
May 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်လက်ပံခြေပေါ်ကျေးရွာအုပ်စုမှကျေးရွာများ တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချကြကြောင်းသိရပြီး ပြောင်းဖူး စိုက်တောင်သူများ ပြောင်းဖူးဆယ်ဖူးဈေးနှစ်ထောင်ကျပ် ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်ပျိုး တောင်သူများတွက်ခြေကိုက်နေကြကြောင်းသိရသည်။
May 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ညနေ ၃ နာရီက အမှတ် (၁) ရပ်ကွက်တွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။
May 18,2022
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းကစိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်)သို့သွားရောက်ပြီး ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများနှင့် မြေနေရာများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
May 18,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများအား သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၆) နာရီခွဲက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ) တွင် ကျင်းပပြုလုပ်သည်။