အမြို့မြို့အနယ်နယ်သတင်းများ

Nov 03,2022
စစ်ကိုင်းခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်းနေကြာ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ(၃)ရက်၊ နံနက်(၉)နာရီက ခရိုင်စိုက်ပျိုးရေးရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ရည်ရွယ်လျက် စနစ်တကျ ကြီးကြပ်ထိန်းကျောင်း
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အောင်သံလွင် ဂေါက်ကလပ်၌ ကျင်းပသည်။
Nov 03,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးခြင်းလုပ်ငန်းကို​ ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 03,2022
မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လည် ၂ နာရီက မိုင်းရယ်မြို့နယ်၊ လုပ်ခိုက်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း (လုတ်ခိုက်) တွင် ပြုလုပ်သည်။
Nov 03,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင် ငွေရရှိနေပြီဖြစ်ကြောင်း သိရသည်။ 
Nov 03,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ဂျပိုး(ခေါ်) အင်းဆက်ကောင်များအား ယခင်နှစ်ထက် ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ဂျပိုး ရှာဖွေသူများပြားလာကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်လုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်(ဦးစီးအရာရှိ)၏ ကြီးကြပ်မှုဖြင့် ၎င်း၏ဝန်ထမ်းများမှ ယနေ့နံနက်(၁၁)နာရီအချိန်က လွပ်လပ်ရေးကျောက်တိုင်အနီးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။