Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကျောင်းများတွင် ဆက်လက်ထိုးနှံ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရား လမ်းနှင့်နဝဒေးလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉နာရီ မှ ၁၁:၃၀ နာရီထိ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ၊ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Nov 03,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပ
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဦးပုကုန်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရော၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအား လူစည်ကားရာနေရာများ၌ နှိုးဆော်အသိပေး၍ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 03,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့ပေါ်ရက်ကွက် ၄ခု နှင့် လူစည်ကားရာ နေရာများ၌ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော် ကျင်းပ
Nov 03,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က တနိုင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
MSME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Nov 03,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပေးဆောင်ရွက်
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ မိဘပြည်သူများ သိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၂)နာရီအချိန်က မြို့မရပ်ကွက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ နံရံကပ်ဘုတ်တွင် အသိပညာပေး ဗီနိုင်းများ ပြသခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18106
Page
18107
Page
18108
Page
18109
Current page
18110
Page
18111
Page
18112
Page
18113
Page
18114
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department