Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မြို့သစ်မြို့တွင် နိုင်(၄) မှတ်တမ်းများအား e-ID စနစ်ဖြင့် Data ထည့် သွင်းပြီးစီးမှု…
May 18,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ မဲစာရင်းမှန်ကန်မှုရှိစေရေး နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးမှုအား e-ID စနစ်ဖြင့် Data ဖြည့်သွင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် အဖွဲ့ဝင်များ ယမန်နေ့ညနေ ၅ နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
May 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြှင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် Mobile Library မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်၌ မိုးသီးနှံစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့က စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် စျေးကွက်အတွင်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးနှင့်
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာပေးဆွေနွေးပွဲကျင်းပ
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်အတွင်းရှိ သွားလာရခက်ခဲသော တောင်ပေါ်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် မိခင်နှင့်ကလေး ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး…
May 18,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် သွားလာရခက်ခဲသော တောင်ပေါ်ဒေသကျေးရွာများမှ အရှို ချင်းတိုင်းရင်းသား/တိုင်းရင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် မိခင်နှင့်ကလေး ရောဂါကာကွယ်ဆေးများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁နှင့် မြို့နယ်ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းမှစ၍ ရေဖြူကျေးရွာနှင့် ဒိုဇုန်(ရွာဟောင်း)တို့တွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် အိုမီခရွန်အကြောင်းသိကောင်းစရာအသိပညာပေးနံရံကပ်စာစောင်များ ပြသ
May 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အိုမီခရွန် အကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18104
Page
18105
Page
18106
Page
18107
Current page
18108
Page
18109
Page
18110
Page
18111
Page
18112
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department