Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်းဆုံမီးပွိုင့်များနှင့်ဘတ်စ်ကားမှတ်တိုင်များတွင် စည်းကမ်းထိန်း လှည့်ရှင်းဆောင်ရွက်
Nov 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် (နဝမ)အကြိမ်စုပေါင်းမဟာဘုံကထိန်နှင့် (ပဥ္စမ)အကြိမ် သိက္ခာထပ်အလှူတော်မင်္ဂလာပွဲကျင်းပ
Nov 03,2022
ပဲခူးတိုင်းဒေကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နဝမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ပဉ္စမအကြိမ်မြောက် သိက္ခာထပ်အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်ပိုင်းက မြတ်စောညီနောင် အတွင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်အုပ်စု၊ ကျောက်ဆည် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဟော်တယ်ဇွဲကပင်ရှေ့၊ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် နယ်မြေဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ပသင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Nov 03,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အား နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့၌ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တ…
Nov 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ပင်းတယမြို့ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းနှင့်ပြည်ထောင်စုတိုင်းရင်းလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ပထမ)နှစ်(ရန်ကုန်၊ စစ်ကိုင်း)သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများစုပေါင်းပြီး ဆွမ်းဆပ်ကပ်လှူဒါန်း
Nov 03,2022
၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယနေ့ နံနက်က သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18095
Page
18096
Page
18097
Page
18098
Current page
18099
Page
18100
Page
18101
Page
18102
Page
18103
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department