မိုးမိတ် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ပသင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဖြစ်သော ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ တံတားများနှင့် ဆည်မြောင်းများ ပြုပြင်ဆောင်ရွက်ရသည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောခြင်းများ၊ နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စရပ်များအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်း များဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးတို့အတွက် ဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံမိဘပြည်သူများ၏ တင်ပြချက်များကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (mask) များဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)