Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါက်ခေါင်းမြို့နယ်၌ မီးသတ်စခန်း (ကိုယ်ထူ ကိုယ်ထစခန်းသစ်) ဖွင့်လှစ်
May 18,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် တောင်လည်နယ်မြေ မီးသတ်စခန်း (ကိုယ်ထူကိုယ်ထစခန်းသစ်) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါစခန်းသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
May 18,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယန့နံနက်(၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မြင့်ဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံဦးကျော်သန့်ဇင်နှင့် ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင်၂၀၂၂ ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီထုတ်ချေးနိုင်ရေး မြို့နယ်ချေးငွေ အကြံပေးအဖွဲ့နှင့်ညှိနှိုင်းဆွေးနွေး
May 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စလင်းဘဏ်ခွဲမှ စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးအတွက် မြို့နယ် ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ(၁၈)ရက် နံနက်၉နာရီ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဖွင့်လှစ်
May 18,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)သင်တန်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီ အချိန်က အောင်သုခရပ်ကွက် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ စတင်ဖွင့် လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ကာကွယ်ဆေးများ ထိုးနှံပေး
May 18,2022
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ထိုးပေးခြင်းလုပ်ငန်းကို မေလ ၁၆ ရက်နေ့မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာများ…
May 18,2022
မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်အမျိုးသမီးရေးရာအဖွဲ့တို့မှ တို်ငးဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာများအား ထောက်ပံ့ငွေများနှင့် အာဟာရဖြည့်စွက်အစာအစားများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးသင်ကြားရေးဆေးရုံရှိ ကင်ဆာရောဂါလူနာကုသဆောင်သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့တွင် သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်…
May 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အထင်ကရ ဘုရားစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲ တော်၌ ရခိုင်ရိုးရာကျင်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ထုက္ကံသိမ် ဘုရားအနီး ကျင်ပြိုင်ပွဲကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်အတွင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
May 18,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18096
Page
18097
Page
18098
Page
18099
Current page
18100
Page
18101
Page
18102
Page
18103
Page
18104
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department