Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
Nov 03,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများရှိ ဝန်ထမ်းမိသားစုနှင့် မြို့မိမြို့ဖအလှူရှင်များ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် (၈)နာရီက ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးတွင် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ် လှူပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲကို စည်က…
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီးတွင် မသိုးသင်္ကန်း တော်မြတ်ရက် ချုပ်ကပ်လှူပူဇော်ပွဲ နှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် တစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့ အထကကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ဘုံကထိန်လှည့်လည်ပွဲ ကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ် စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယနေ့နံနက် ၇ နာရီက၊ မိုင်းပျဉ်းမြို့တွင်း စီတန်းလှည့်လည် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်အတွက် အသိပညာပေးလုပ်ငန်းဖြစ်သည့် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ (၁၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်းသင်္ကန်းဆက်ကပ်
Nov 03,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်းနဲစန် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Nov 03,2022
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော မန်းနဲစန်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ အဆိုပါ လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက်(Talk show)ပြုလုပ်
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အများပြည်သူများသို့အသိပေးထုတ်ပြန်ချက်(Talk Show)အား ယမန်နေ့ညနေ(၃)နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18098
Page
18099
Page
18100
Page
18101
Current page
18102
Page
18103
Page
18104
Page
18105
Page
18106
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department