အမြို့မြို့အနယ်နယ်သတင်းများ

May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် Grade-8 သင်ရိုးသစ် Face to Face ဆင့်ပွား သင်တန်းနောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီကဝေါအထက စာသင်ခန်းများတွင် ဆက်လက် သင်ကြားခဲ့သည်။
May 18,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မေလ၁၈ရက်နံနက်(၁၀)နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ကြောင်း သိရသည်။   
May 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြို့နယ်အဆင့် Grade - 8 သင်ရိုးသစ် Face to Face ဆင့်ပွားသင်တန်းနောက်ဆုံးနေ့အဖြစ် ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး)စာသင်ခန်းများတွင် ဆက်လက်သင်ကြားခဲ့သည်။
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် (Grade-8) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း တတိယနေ့ကို ယနေ့ နံနက် (၉) နာရီမှ ညနေ(၃)နာရီအထိ ပုဇွန်တောင်မြို့နယ်၊ အထက(၁)တွင် ဆက်လက်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်( First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၁၆၈)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများ ပထမအကြိမ် စုစုပေါင်း(၂၆)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၁၆)ရှိကြောင်းသိရှိရသည်။
May 18,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ပိုင်းကစတင်၍ မာန်အောင်ကျေးရွာအုပ်စုနှင့် မြစ်ဖျားကျေးရွာအုပ်စုမှ နွား(၁၇၅)ကောင်များ ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
May 18,2022
မသန်စွမ်းသူများအတွက် အခြေခံဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက ညောင်ရွှေမြို့ အ.ထ.က(၁) ကျောင်း ပတ္တမြားခန်းမ၌ ကျင်းပသည်။