Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကား
Jul 12,2022
ယနေ့ (၂၀၂၂-ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့)တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာ သင်္ကန်း ဆက်ကပ်လှူဒါန်းကြသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ် လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။ (ပုံ-ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူး ပင်စည်ကားနေစဉ်)“ဝါဆိုလပြည့်နေ့ဟာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီး ထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦးဟောကြားတဲ့ နေ့တစ်နေ့ ဖြစ်လို့ပါပဲ။ အဲဒါကြောင့် ဒီနေ့လို ထူးခြား လှတဲ့ ဝါဆိုလပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ်ကောင်းမှုတွေပြုလုပ် ရင်း ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ် ” ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ရွှေတိဂုံ စေတီ တော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ အလှူရှင်များစုပေါင်း၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 12,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ် မော်ချီးအောက်ရွာ(အထက)၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 12,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်မော်ချီးဒေသ၊ မော်ချီးအောက်ရွာ အထက်တန်းကျောင်း၌ယမန်နေ့က မြို့နယ်ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ကျောင်း သား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့ မြသလွန်ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်ကြီးတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ…
Jul 12,2022
သာသနာတော်နှစ် ၂၅၅၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ ယနေ့နံနက်(၁၀)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်ကြီးတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူး ချုပ် ဝင်းမောင်သိန်း၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးချုပ် မင်းမင်းကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မဟာစည်သာသနာ့ ဓမ္မရိပ်သာကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းမည် ဂန္ဓကုဋီတိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားသို့တက…
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ၁၃၈၄ခု ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ငပုတောမြို့ တောင်ပိုင်းရပ်ကွက်၊ မဟာစည်သာသနာ့ဓမ္မရိပ်သာကျောင်းတိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍စေတနာရှင်၊ အလှူရှင်များဖြင့် ဆောက်လုပ်လှုဒါန်းမည့် ဂန္ဓကုဋီတိုက် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ကျောင်းတိုက်များသို့ဆွမ်း၊ ဆန်တော်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Jul 12,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အမှူးရှိခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ၊ ဖလမ်းခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဖလမ်းရဲတပ်ဖွဲ့စခန်းမိသားစု၊ ကမ္ဘောဇဘဏ်မိသားစု၊ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲနှင့်ကျောင်းတိုက်များ သို့ဆွမ်း၊ဆန်တော်နှင့်ဆီများ ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကို ဇူလိုင် ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ အချိန်က ဖလမ်းမြို့၊ ဗဟိုသာသနာပြုကျောင်းတိုက်၌ ကျင်းပြု လုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ
Jul 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်လည်ထူထောင်ရေးအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် (၁၃၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်း…
Jul 12,2022
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ်၊ ဝါဆိုလ ပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် (၁၄)ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် (၁၃၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17979
Page
17980
Page
17981
Page
17982
Current page
17983
Page
17984
Page
17985
Page
17986
Page
17987
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department