အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show အစီအစဉ်ရိုက်ကူးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
Jul 11,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သက်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် ကျင်းပသည်။
Jul 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်‌ ကျောင်းများအတွင်း ပတ်၀န်းကျင်သာယာလှပစေရေး၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းစေရေးအတွက် စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က အမှတ်(၆)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအမှတ်(၄)တွင် ပူးပေါင်းဆောင်ရွက်သည်။
Jul 11,2022
ဘရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အလက(ခွဲ)အမက ၂ ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Jul 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲဆုရသူများအား  ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့မနက် ၁၀ နာရီက အ.ထ.က(မြတ်သီရိခန်းမ)၌  ကျင်းပပြုလုပ်ခဲ့သည်။
Jul 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 11,2022
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် တောင်သာမြို့နယ် မီးသတ်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ကျောဇီနယ်မြေ၊ မီးသတ်စခန်းမှ ဧရာဝတီမြစ်ရေများ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် နီးကပ်လာသောကြောင့် ကြိုတင်စီမံဆောင်ရွက်ရန်အတွက် ယနေ့နံနက်  (၉) နာခွဲက အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျေးရွာများသို့ ကျောဇီနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 11,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးပြီး  ဌာနဆိုင်ရာများ စုပေါင်း၍ ၂၀၂၂-ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တနိုင်းမြို့နယ်၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)မြို့မကျောင်းတိုက်၊ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပကြသည်။