မံစီ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မံစီ) ဖုန်ကန်ဒူဝါ ခန်းမ၌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့် အခြေခံပညာမူလတန်း Grad-5 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၃၀)ဦး တက်ရာက်မည်ဖြစ်သည်။ ကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးက ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်း စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများ၊ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းဥပဒေများနှင့် ကျင့်ဝတ်များ စသည် ဖြင့် ကျောင်းအုပ်များသိရှိထားရမည့် အချက်များကို အဓိကဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ အခြေခံပညာ မူလတန်း Grad-5 စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် လုပ်ငန်းဆွေးနွေးပွဲကို သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၅)ဦးက ဦးဆောင်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)