အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲများမှ တောင်သူများ စိုက်ပျိုး ချိန်တွင် အခက်အခဲမရှိ စိုက်ပျိုးနိုင် ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ်သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအနီး ကမ်းနားလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့နံနက်က ရေနုတ်မြောင်း တူးဖော်ပေးခဲ့ကြောင်း  သိရသည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ငပု​တောမြို့တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ စက်သုံးဆီ ​ရောင်းချသူများအား တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ တင်သွင်းရောင်းချမှု ရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေး ခန်းမ၌ ပူးပေါင်းအဖွဲ့ဖြင့် ​ခေါ်ယူ​ဆွေး​နွေးခဲ့သည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးရာသီအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက လမ်းဘေး‌ ရေ‌‌မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့ အမှတ်-၂ ရပ်ကွက်ရှိ ပင်မရေမြောင်းကြီးအား ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။
Jul 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီး၍  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်းကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၈ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။