အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသော စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် ကျောင်းသားလူငယ်တွေဆိုသည့် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀:၀၀) နာရီအချိန်မှစ၍
Nov 08,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေပုလ္လ(၅)လမ်းနေ ဦးကျော်ခိုင် ဇနီးဒေါ်မရွှေမြမိသားစုတို့က မိမိဇာတိမွေးရပ်မြေဖြစ်သည့် ပေါက်တောမြို့ရှိ နာရေးကူညီမှုအသင်းအား အောက်ဆီဂျင်စက်နှစ်လုံးကို ယမန်နေ့မွန်းလွဲ(၁)နာရီခန့်က ပေါက်တောမြို့ ဓါတ်တောင်ကျောင်းတွင်လှူဒါန်းခဲ့ကြသည်။
Nov 08,2022
၁၃၈၄ ခုနှစ်၊ တန်းဆောင်မုန်းလပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ သမိုင်းဝင်ရှင်ကိုးရှင်အနက်သရက်ချောင်းမြို့နယ် သမိုင်းဝင်ရှင်တောင့်ပုံစေတီတော်မြတ်ကြီး၌ စုပေါင်းကထိန်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင်မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နှစ်စဉ်နှစ်တိုင်း တန်ဆောင်းမုန်းလဆန်း (၁၄)ရက်နေ့မှ တန်ဆောင်မုန်း လပြည့်ကျော် (၁)ရက်နေ့အထိ ကျင်းပရာ ယခုနှစ် (၁၅၉)ကြိမ်မြောက်တွင်လည်း စည်ကားစွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၁၃)ရပ်ကွက်၊ ပန်းခြံကျောင်းလမ်းတွင် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်းသိရသည်။
Nov 08,2022
တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အလျား(၁၂)ပေ ၊ အနံ(၆)ပေရှိ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားအနီးတွင်စိုက်ထူကြရာ အခမ်းအနားသို့ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။