မလှိုင်မြို့၌ (၃၂)ကြိမ်မြောက်  ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ကျင်းပ

မလှိုင် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ (၃၂)ကြိမ်မြောက်  မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်တော်ကို ယမန်နေ့ မွန်းလွဲပိုင်းက မဲကျရာသက္ကယ်ကျင်းကျေးရွာ တိုက်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဥက္ကံသထံမှ ငါးပါးသီလ ခံယူဆောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဈ္ဆယ် တော်မူသည့် မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များထံ ကထိန်လျာ သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ဆက်လက်၍ ကထိန်အနုမောဒနာ တရားကို သက္ကယ်ကျင်းကျေးရွာ တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံဿထံမှ နာယူကာ လှူဒါန်းမှု အစုစုတွက် ရေစက်ချ အမျှအတန်းများ ပေးဝေခဲ့ကြသည်။

အဆိုပါ (၃၂) ကြိမ်မြောက်   ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ စုပေါင်း၍ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်း တန်ဘိုးမှာ ပစ္စည်းတန်ဘိုး (၂၆၈၄၂၀၀) ကျပ်နှင့် ဝတ္ထုငွေ​ (၄၁၁၆၀၀၀) ကျပ်၊ စုစုပေါင်း (၆ဂဝဝ၂၀၀) ကျပ်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)