အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ် ပိုင်းက ကြံခင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၆နာရီခွဲအချိန် ကျင်းပပြုလုပ်ခဲ့သည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်)နေ့အကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့ နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိအဏ္ဏဝါ သိပ္ပံကျောင်းဝန်းအတွင်း၌ ယမန်နေ့‌မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့လာရောက်၍ အဏ္ဏဝါသိပ္ပံ လေ့လာရေးကျောင်းအတွင်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ ဌာနဆိုင်ရာများနှင့်ဒေသထွက်နှစ်ရှည်အုန်းပျိုးပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။
Jul 12,2022
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာဖို့အတွက် အမတန်မှလိုအပ်ပါတယ်။ ကျန်းကျန်း မာမာရှိမှ အသက်ရှည်ခြင်းဆိုတဲ့ ကျွန်တော်တို့က ရလဒ်ကောင်းကို အထောက်အကူပြုမှာ လည်းဖြစ်ပါတယ်။ အခုကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဆိုရိုးစကားလေးတွေရှိ ပါတယ်။ ကျန်းမာရေး မကောင်းမှ ဆေးကုသမှုခံယူနေတာထက် ကျန်းမာရေးမဖြစ်ခင်ထဲက ရောဂါတစ်ခုကို ကြိုတင်ကာကွယ်တာက ပိုပြီးတော့ထိရောက်မှု ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကုသတာထက် ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးထိရောက်စေတယ်လို့ ပြောခြင် ပါတယ်။
Jul 12,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ၂၄နာရီ လျှပ်စစ်မီး သုံးစွဲနိုင်ရေးအတွက် ယခုနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) Phase2 အစီအစဉ်ဖြင့် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံးမှ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမကြာမီ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော် ထံကသိရသည်။
Jul 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း( ၂၆၉)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့ကလက်ခံခဲ့ကြသည်။
Jul 12,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင်စေတီတော်များတွင် ယနေ့ ဝါဆိုလပြည့် ဓမ္မစကြာနေ့၌ ဘုရားဖူး ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။