Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငရုတ်ကောင်းမြို့ (ဒရယ်ကျွန်း)ကမ်းခြေတွင် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ လှိုင်းခုံပွဲတော်၌ ရေကစားသူများဖြင့် စည်ကား
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (ဒရယ်ကျွန်း) ကမ်းခြေတွင် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တိုင်း နှစ်စဉ်လှိုင်းခုံပွဲတော် ရေကစားသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ
Jul 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်၁၁နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်
Jul 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လုံမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့နံနက်(၁၁:၀၀)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jul 13,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ဇူလိုင်(၁၉)ရက်နေ့၌ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မဟာအောင်မြေမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများစုပေါင်း သန့်ရှင်းရေးပြုလုပ်
Jul 13,2022
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝါဆိုလပြည့်နေ့ ညနေပိုင်း ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jul 13,2022
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျက်သရေဆောင် ရန်ပြေမာန်ပြေ အောင်စကြာသမိုင်းဝင် စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အ.ထ.က(မြို့မ)ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ (Covid-19)ရောဂါကာကွ…
Jul 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား ပထမအကြိမ်(Covid-19)ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိကျောင်းများအသီးသီး၌ ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အ.ထ.က(မြို့မ) ကျောင်းမှစတင်၍ ဒုတိယအကြိမ်ပြန်လည်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကယားကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ
Jul 13,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကယားကျေးရွာတွင် ကျောက်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီ အချိန်က အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဝမ်အောင်းကယားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17932
Page
17933
Page
17934
Page
17935
Current page
17936
Page
17937
Page
17938
Page
17939
Page
17940
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department