အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပညာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့​ ကြောင်း သိရသည်။
Nov 09,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ် စံကွက်ရိတ်သိမ်းရေး စစ်ဆေးကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးစပါးအထွက်တိုးဆင်းဧကရီ-၃ စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း တောင်သူကွင်း သရုပ်ပြပွဲကို နိုဝင်ဘာ (၉)ရက် နံနက် (၁၀)နာရီက ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာ ကွင်းအမှတ်(A)၊ ဦးပိုင်အမှတ်(၈၆)၊ တောင်သူ ဦးယောဟန်၏ လယ်မြေနှစ်ဧက၌ ကွင်းဆင်းရိတ်သိမ်းသည်။
Nov 09,2022
မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ ကွင်းအမှတ်(၈၁၃) ဦးပိုင်အမှတ် (၆၆/ခ) တောင်သူဦးသိန်း၀င်း၏ ပေါ်ဆန်းရင် စံပြမိုးစပါးစိုက်ခင်း(၁၀)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Nov 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရုံးများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့အဝင်ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးတွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယမန်နေ့နေ့ ည ၆ နာရီက စတုဒီတာကျွေးမွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 09,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက အေးမြသာယာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ်တွင် လူငယ်များဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကနစိုးကုန်း‌ကျေးရွာအုပ်စု၊ ကနစိုးကုန်းကျေးရွာ၊ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော သခင်မကျောင်း”