အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက် သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
Nov 09,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါ ဒီဂရီကောလိပ်  ပညာပါရမီခန်းမ၌ ကျင်းပကြောင်း သိရသည်။
Nov 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၁ နာရီက (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်များကို ပြုလုပ်ပြသခဲ့သည်။
Nov 09,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန၊မြစ်သားစိုက်ပျိုး ရေးသုတေသနခြံတို့ပူးပေါင်း၍ မျိုးစေ့ချကိရိယာဖြင့် ကုလားပဲမျိုးစေ့ချ  စိုက်ပျိုးခြင်းတောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြစ်သား စိုက်ပျိုးရေးသုတေသန  ခြံစိုက်ကွင်းတွင် သရုပ်ပြကျင်းပခဲ့ကြောင်း သိရသည်။
Nov 09,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝါးအသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တဘက်ကျေးရွာအုပ်စု၊ နမ့်စေမြဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 09,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရှာဖွေနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် သုတ/ရသ စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(၁)၊ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့တွင် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။