တနိုင်း နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးရာသီတွင် တောင်သူ ဦးစိန်အောင်၏ လယ်မြေတွင် စိုက်ပျိုးထားသော ဆင်းဧကရီ - ၃ (RS-CS) မျိုးသန့်/မျိုးစေ့ထုတ် စိုက်ခင်းအား နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲနှင့် တောင်သူကွင်းဆင်း လက်တွေ့သရုပ်ပြပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ပြီး ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် မိုးစပါးစံပြကွက် (၁)ဧကလျှင် အထွက်နှုန်း (၁၀၉)တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ပန်းအိ(တနိုင်း)