ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော စားသုံးကုန်များအား ကုန်ညွှန်းအမှတ်ပြည့်စုံမှန်ကန်ရေး လိုက်လံကြည့်ရှုစစ်ဆေး

ပေါင်းတည် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းများအား မြို့နယ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသည် စျေးကွက်အတွင်းတွင် စားသုံးသူပြည်သူများသို့ ရောင်းချလျက်ရှိသော စားသုံးကုန်ပစ္စည်းများ၏ ကုန်ညွှန်းအမှတ် ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ လိုက်လံကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ စျေးကွက်အတွင်းရောင်းချလျက်ရှိသော စည်သွတ်ဘူးများနှင့်အသားချောင်းကုန်ပစ္စည်းများ၌ စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများတွင် မြန်မာစာ ရေးသားထားရှိမှု ရှိ/ မရှိ ၊ထုတ်ကုန်များသည် စားသုံးသူများအတွက် လုံခြုံမှု ရှိ/ မရှိကို စျေးကွက်အတွင်းစောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိ၊ ဝန်ထမ်းများနှင့်အတူ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းထံမှ သိရသည်။

သူရကြီး (ပြန်/ဆက် )