အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
ချင်းပြည်နယ် တီးတိန်မြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တီးတိန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဖွင့်ပွဲကို အဆိုပါရုံး၌ ယမန်နေ့နံနက် ၈နာရီက ပြုလုပ်သည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန် အထကကျောင်းတွင် ယနေ့နံနက် ၉ နာရီက စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
Nov 08,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ယမန်နေ့ နံနက် (၉)နာရီက ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမ၌ ကျင်းပခဲ့သည်။
Nov 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ ပရဝဏ်အတွင်း၌ ယမန်နေ့ ညနေ(၆)နာရီအချိန်က မီးမျှောပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲများကို နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
Nov 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေစာရင်း (အထစ)မြေစိုက်ဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် (၉) အချိန်က ဝန်လိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် မင်းရပ်ရပ်ကွက် ပညာရေးမှုးရုံး ရှေ့တို့တွင် မြေစိုက်ဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။