သာပေါင်း နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (နေ့ထူးနေ့မြတ်) ယမန်နေ့ အခါသမယအချိန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုရားစေတီပုထိုးများတွင် ဆီမီးထွန်းညှိကြသူများနှင့် စတုဒီတာ၊ နိဗ္ဗာန်ဈေး ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် အားလျော်စွာ မြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်း၍ ကုသိုလ်ကောင်းမှုပြုသည့် အနေဖြင့် ဘုရားစေတီ၊ ပုထိုးများသို့ သွားရောက်၍ ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ဆီမီးထွန်းညှိ ပူဇော်ကြသူများ၊ ရပ်ကွက်များအတွင်း လမ်းအလိုက် နိဗ္ဗာန်ဈေးခင်းကျင်းခြင်း၊ လူငယ်များမှ စတုဒီသာ ကုသိုလ်ပြု ကျွေးမွေးခြင်း၊ ဆီမီး၊ ပန်း၊ နံ့သာတစ်ထောင် ဆက်ကပ်ပူဇော်ခြင်း၊ ပျော်ပွဲရွှင်ပွဲများအနေနှင့် ကာရာအိုကေ သီဆိုကခုန် ဖျော်ဖြေပြိုင်ပွဲများဖြင့် အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)