အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့ပေါ်အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဇေယျာသန မစိုးရိမ်ကျောင်းတိုက်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးနှစ်ထောင် ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ ညနေ ၅နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 08,2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Nov 08,2022
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။
Nov 08,2022
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဇင် ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
Nov 08,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ယမန်နေ့ညတန်ဆောင်မုန်းလပြည့်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆီမီးပူဇော်ထွန်းညှိသူများနှင့် စည်ကားလျက်ရှိသည်။ ရသေ့တောင်မြို့ တန်ဆောင်တိုင်ပွဲတော်ကာလတွင် အများပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်မှုရှိစေရေးအတွက် ရောင်စုံမီးအလှများထွန်း၍ ရပ်ကွက်အလိုက် စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိသည်။
Nov 08,2022
တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဆုတောင်းပြည့်မယ်လမုစေတီတော်၌ ယမန်နေ့နံနက်မှစ၍ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကုသိုလ်ပြုသူများ စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 08,2022
သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်(၃၈)ကြိမ်မြောက် မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းနားကို ယမနနေ့ ညနေ(၅)နာရီတွင် ဗိုလ်တထောင်မြို့နယ် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရင်ပြင်တော်၌ကျင်းပသည်။ အဆိုပါ အခမ်းအနားကို” နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ ဘဏ္ဍာထိန်းအလှည့်ကျသဘာပတိ ဦးအောင်မြတ်က စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး မသိုးရွှေကြာသင်္ကန်း ရက်ခတ်ပြိုင်ပွဲအား အချက်ပေးခေါင်းလောင်းတီး၍ စတင်ရက်ခတ်ပူဇော်ကြသည်။ မသိုးရွှေကြာ သင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပူဇော်ပွဲသို့ စင်တော်(၂၄) စင် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မင်္ဂလာဆိုင်းဝိုင်းတော်မှ သီဆိုတီးခေတ် ဖျော်ဖြေပေးကြောင်း သိရသည်။