Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းပြီး ဆွမ်းဆက်ကပ်လ…
Nov 08,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယမန်နေ့နံနက် ၁၀နာရီ မိနစ်၃၀က ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာဘိုးဘွားရိပ်သာ၌ နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီး၊ ပါဒကြီးကျေးရွာ၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့တာ အာဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့တွင် (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ မြို့အတွင်း လှည့်လည်အပူဇော်ခံ ကြွရောက်
Nov 08,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များမှ (၂၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ်များ လှည့်လည် အပူဇော်ခံ ကြွရောက်ခြင်းကို နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီက မြို့တွင်းလှည့်လည်အပူဇော်ခံ ကြွရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ရွှေဆံတော်ဘုရားဖူးများအား ရန်ကုန်တက္ကသိုလ်ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆွေများအဖွဲ့က (ပထမအကြိမ်) စတုဒီသာအလှူတော် ထမင်းဘူးများ လှူဒ…
Nov 08,2022
ပြည်မြို့ ရွှေဆံတော်ဘုရား ရင်ပြင်တော်ပေါ်၌ တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ နံနက်ပိုင်းက ဘုရားဖူးလာသူများအား ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆွေများအဖွဲ့က (ပထမအကြိမ်) စတုဒီသာအလှူတော်အဖြစ် နေ့လယ်စာ ထမင်းဘူးများ လာရောက်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသားများ တနင်္သာရီတိုင်းဒေသကြီးအစိုးရ…
Nov 08,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁ဝ)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ (ပထမနှစ်၊ ဝိဇ္ဇာ/သိပ္ပံ) သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသားများ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသားရုက္ခဗေဒဥယျာဉ်တွင် တန်ဆောင်တိုင်ရုံးပိတ်ရက်၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကား
Nov 08,2022
တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် ပြင်ဦးလွင်မြို့ကန်တော်ကြီး အမျိုးသားရုက္ခဗေဒဥယျာဉ်တွင် လာရောက်လည်ပတ်သူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်ကျင်းပ
Nov 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နောင်ယန်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ပန်ဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြုလုပ် ကျင်းပခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့ မြို့နယ်လုံကျွတ် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 08,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၇၄)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲကို ယမန်နေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်
Nov 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါရုံး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17908
Page
17909
Page
17910
Page
17911
Current page
17912
Page
17913
Page
17914
Page
17915
Page
17916
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department