နေပြည်တော် နိုဝင်ဘာ ၈
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ဇင် ရေးသားထားသည့် “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
ရှေးဦးစွာ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြာကြားပြီး တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ ဒေါ်ခင်ငြိမ်းအေး (မေချို-ပျဉ်းမနား)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ဦးရန်နိုင်(ခိုင်မင်း-နေပြည်တော်)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးစိန်ဝင်း (စိန်ဝင်းနွယ်)၊ ဦးလင်းထွဋ် (ကိုလင်းအညာမြေ)၊ ဦးအောင်ဝေး (အောင်ဝေး-ညောင်ခြေထောက်)၊ ဦးရဲလင်းအောင်(မောင်လေပြေ-တောင်တွင်း)၊ ဦးဌေးအောင်(အောင်ဆွေထက်-ချွေးမြို့တော်)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်-လူမှု)၊ ဒေါ်ခင်ဆွေယု(သီရိမေ)၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဒေါ်သက်သက်မွန်တို့က “အိမ်အပြန်မွေးနေ့လက်ဆောင်နှင့် အတွေးသစ်ဆောင်းပါးများစုစည်းမှု” စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာအုပ်တွင် ဆောင်းပါးပေါင်း(၂၈)ပုဒ်ပါဝင်ပြီး၊ မြန်မာ့အစဉ်အလာ၊ မြန်မာ့ဓလေ့ဖြင့် ညီညွတ်သောအကြောင်းအရာများ၊ ဖတ်ရှုသူများအနေဖြင့် အမိ၊ အဖနှင့်ပတ်သက်၍ ကျေးဇူးသိစိတ်၊ ကျေးဇူးဆပ်လိုစိတ် ဆတက်ထမ်းပိုး တိုးတက်လာနိုင်အောင် ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)