အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2022
မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အ.ထ.က(၂)စာသင်ကျောင်းတွင် အဘိတ်ဆေးခပ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် မျိုးစပါးများမျိုးကောင်း၊ မျိုးသန့်ရရှိ ထုတ်လုပ်နိုင်စေရေး အတွက်ယမန်နေ့ ညနေ ၃ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဉာဏ်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆီထွက်သီးနှံများ ဖြစ်သည့်မိုးနေကြာ၊ မိုးပဲတီစိမ်းနှင့် ဆင်းသုခနှံကောက် မျိုးစပါးမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ၊ ကျေးရွာတွင်းလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jul 14,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၈)နာရီ အချိန်က ​တောင်​ပိုင်းရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့က ပထမအကြိမ်စတင်ထိုးနှံပေးခဲ့ရာ ယခုအခါသတ်မှတ်ရက်ပြည့် မြောက်၍ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ စာသင်ကျောင်းဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်အတွင်းရှိ ဝက်သား အရောင်းဆိုင်များနှင့် ဝက်မွေးမြူရေးခြံများတွင် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဝက်ဝမ်းကျ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်သည်။
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်မှော်ကျောင်းတိုက်တွင် ယမန်နေ့က ဌာနဆိုင်ရာများစုပေါင်း၍ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။